Skip to main content

ကိုရိုနာဗိုင်းရပ်စ်က တရုတ်အား ကမ္ဘာ့ကုန်ထုတ်လုပ်ရာ ဗဟိုချက်အဖြစ် ရပ်တည်မှုကို အဆုံးသတ်သွားစေမည်လား

ကိုရိုနာဗိုင်းရပ်စ်က တရုတ်အား ကမ္ဘာ့ကုန်ထုတ်လုပ်ရာ ဗဟိုချက်အဖြစ် ရပ်တည်မှုကို အဆုံးသတ်သွားစေမည်လား


ကမ္ဘာ့စက်ရုံအဖြစ် နှစ် ၃၀နီးပါး လည်ပတ်နေသော တရုတ်၏အခန်းကဏ္ဍကို COVID-19 က တစ်ခန်းရပ်သွားစေလိမ့်မည်။ "ကျွန်တော်ထင်တယ်။ ကမ္ဘာ့စက်ရုံအဖြစ် တရုတ်ရပ်တည်မှုဟာ ဒီအပတ်ဆုံးသတ်သွားပြီ"ဟု Bretton Woods Research အကြီးစားရင်းနှီးမြှုပ်နှံမှုဆိုင်ရာသုတေသနစစ်တမ်း ကုမ္ပဏီဥက္ကဋ္ဌ ဗလာဒီမာစစ္ဂနိုရယ်လီက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးကွက်များ လက်ရှိနစ်နာသည်ထက် တရုတ်စီးပွားရေးက ပိုထိခိုက်နေသည်။ S & P 500 စတော့ရှယ်ယာအညွှန်းကိန်း ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော နိုင်ငံကြီးများအားလုံးတွင် အဆိုးရွားဆုံးစတော့ဈေးကွက်ဖြစ်ခဲ့သည်။ လူနှစ်ထောင်ကျော် ကူးစက်ခံရသော အီတလီပင်ပြီးခဲ့သော သီတင်းပတ်က အမေရိကန်ထက် အခြေအနေကောင်းခဲ့သည်။
COVID-19 ၏ ကြောက်စရာအကောင်းဆုံး ရိုက်ခတ်မှုမှာ ရေတိုစီးပွားရေးထိခိုက်မှု မဟုတ်ဘဲ ထောက်ပံ့ရေးကွင်းဆက်အား ရေရှည်ထိခိုက်နိုင်ခြေရှိခြင်းဟု China Beige Book ဒေတာကောက်ယူရေးလုပ်ငန်း အမ်ဒီဖြစ်သူ ရှဟက်ဇာကာဇီက ထောက်ပြသည်။ တရုတ်ကားထုတ်လုပ်ရေးစက်ရုံနှင့် ဓာတုပစ္စည်းစက်ရုံများသည် အခြားကဏ္ဍများထက် ပိုပိတ်ထားကြောင်း ၄င်းက Barron's စာစောင်တွင် ရေးခဲ့သည်။ ရေကြောင်းပို့ဆောင်ရေးနှင့် ထောက်ပံ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီများ၏ ရပ်ဆိုင်းထားမှုမှာလည်း နိုင်ငံ့ပျမ်းမျှထက် ပိုသည်။ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကို ကားပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် ဆေးဝါးထောက်ပံ့ရေးကွင်းဆက်တို့ လများစွာ ခံစားရလိမ့်မည်ဟု ကာဇီကဆိုသည်။
ကုမ္ပဏီများက လုပ်နေကျအတိုင်း ထုတ်လုပ်မှုစရိတ်အနည်းဆုံးနေရာကို ရှာဖွေနေသောကြောင့် တရုတ်ကြီးသည် ပန်ဒါဝက်ဝံကဲ့သို့ ဖြေးဖြေးညှင်းညှင်းလှုပ်ရှားနေခဲ့သည်။ ထုတ်လုပ်မှုစရိတ်အနည်းဆုံးဆိုရာဝယ် အလုပ်သမားခ၊ ဥပဒေစသည်တို့ ပါဝင်သည်။ တရုတ်ကြီးသည် လုပ်အားခနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းချုပ်မှုများကို တိုးမြှင့် သဖြင့် ၄င်းတို့က ကြိုတင်ရှာဖွေနေကြပြီဖြစ်သည်။
သမ္မတထရမ့်နှင့် ထိပ်တိုက်ဆုံသောအခါ အေးဆေးတည်ငြိမ်စွာ လှုပ်ရှားနေသော ပန်ဒါသည် အနည်းငယ်သွက်လာ၏။ သွင်းကုန်ခွန်မတည်ငြိမ်မှုများက ကုမ္ပဏီများကို အခက်တွေ့စေသည်။ တရုတ်ကုမ္ပဏီများပင် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အရှေ့တောင် အာရှသို့ ရွှေ့သွားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ဝင်လာသောအခါ ထရမ့်ကိုစောင့်ချင်နေသော ကုမ္ပဏီများအဖို့ တရုတ်အပေါ် ဆယ်စုနှစ်ချီပြီး ရေရှည်မှီခိုနေမှုအား မဖြစ်မနေပြန်လည်သုံးသပ်ရန် လိုလာသည်။
တရုတ်တွင်သာ ထုတ်လုပ်သဖြင့် ဥရောပရှိဆေးဆိုင်များတွင် ဆေးရုံသုံးနှာခေါင်းစည်း (surgical mask) များ ပြတ်လပ်သည်အထိ ဖြစ်ရသည်။
အယ်ဘေးနီးယားက မထုတ်လုပ်ပေးနိုင်ဘူးလား။
၄င်းသည် အီးယူနှင့်ပိုနီးပြီး လုပ်ခလစာမှာ တရုတ်ထက်ပင် နည်းသည်။
ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်၏နေဝင်ချိန်ဖြစ်သည်။ စရိတ်သက်သာသော ကမ္ဘာ့ စက်ရုံအဖြစ် ဆက်လက်လည်ပတ်နိုင်စရာ အကြောင်းမရှိပေ။ ဒုတိယအဆင့် ကုန်သွယ် ရေးသဘောတူညီမှုမရလျှင် ဖြစ်လာမည့်အ ရာများကို ကုမ္ပဏီများက စိုးရိမ်နေကြရာ ထရမ့်သမ္မတအဖြစ် ပြန်လည်အရွေးခံရလျှင် ဤဖြစ်စဉ်ကို မုချဧကန် အရှိန်မြှင့်ကိုင်တွယ် လာလိမ့်မည်။
နိုင်ငံအသစ်ရွေးချယ်ခြင်းသည် မလွယ် ကူပါ။ မည်သည့်နိုင်ငံတွင်မှ တရုတ်စနစ်အား လိုက်မီနိုင်သော ထောက်ပံ့သယ်ယူပို့ဆောင် ရေးစနစ် မရှိပေ။ အနည်းငယ်မျှသာ နိုင်ငံ ကြီးအချို့တွင် တရုတ်တွင်ကဲ့သို့ အခွန်နှုန်း ထားများရှိသည်။ ဘရာဇီးလ်မရှိပါ။ အိန္ဒိယ ရှိသည်။ သို့သော် ထောက်ပံ့သယ်ယူပို့ဆောင် ရေးစနစ် (logistics) မကောင်းချေ။
ယမန်နှစ်တွင် အမေရိကန်-မက္ကဆီကို-ကနေဒါ လွတ်လပ်စွာကုန်သွယ်ရေးသဘော တူညီချက် (USMCA) အား အတည်ပြုလက် မှတ်ရေးထိုးနိုင်ခဲ့သည်။ မက္ကစီကိုက အများ ဆုံးအကျိုးခံစားရသည်။
မက္ကစီကိုနှင့် အမေရိကန်သည် အိမ်နီး ချင်းနိုင်ငံများဖြစ်သည်။ မက္ကစီကိုသမ္မတ အွန် ဒရီးမန်နျူရယ်လိုပက်စ်အော်ဘရေဒိုးရ်က သူ့ နိုင်ငံတွင် ကာယလုပ်သားများအတွက် အ လုပ်အကိုင်ပေါများစေချင်သည်။ ဗဟိုအမေ ရိကဒေသမှ အလုပ်သမားများ အမေရိကန် သို့ ဝင်ရောက်မှုလျော့ကျရန် ရည်မှန်းလျက် ထရမ့်ကလည်း အလားတူဆန္ဒရှိသည်။
ဖေဖော်ဝါရီ ၂၅ရက်တွင် Foley & Lardner LLP ကုမ္ပဏီ၏ "မက္ကစီကိုရှိ ၂၀၂၀ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့် အလား အလာများ" အမည်ရစစ်တမ်းထွက်လာသည်။ အဆိုပါ စစ်တမ်းကို အမှုဆောင် ၁၆၀ဦး ဖြေဆိုခဲ့ပြီး ထုတ်လုပ်ရေး၊ ကားနှင့်နည်း ပညာကဏ္ဍများမှ ဖြေဆိုသူများကအခြား နိုင်ငံများမှ မက္ကစီကိုသို့ လုပ်ငန်း ရွှေ့ ပြောင်းလိုပြီး လာမည့် တစ်နှစ်မှ ငါးနှစ် အတွင်း ယင်းကဲ့သို့ ဆောင်ရွက်ရန် စီစဉ် နေကြောင်း ပြောဆိုခဲ့သည်။
"ကျွန်တော်တို့ရဲ့ စစ်တမ်းအရ အမှု ဆောင်အများစုက လုပ်ငန်းတစ်စိတ်တစ်ဒေ သကို တခြားနိုင်ငံကနေ မက္ကစီကိုကို ရွှေ့ ပြောင်းနေသလို ရွှေ့ပြောင်းထားတာလည်း ရှိပါတယ်" ဟု အထက်ပါကုမ္ပဏီမှ ရှေ့နေ ခရစ္စတိုဖာဆွစ်ဖ်က ပြောသည်။ ယင်းကဲ့သို့ ဖြစ်ခြင်းသည် ကုန်သွယ်ရေးစစ်ပွဲနှင့် USM CA စာချုပ်ကြောင့်ဟု ဆိုသည်။
ပထမအဆင့် တရုတ်ကုန်သွယ်ရေး သဘောတူညီမှုသည် အပြုသဘောဆောင် သော ပြယုဂ်ဖြစ်၏။ သို့တစေ ကိုရိုနာဗိုင်းရပ်စ် (ယာယီဖြစ်ကောင်းဖြစ်နိုင်၏)က တရုတ်အ ပေါ် အလွန်မှီခိုခြင်းမှာ လုပ်ငန်းအတွက်မည် မျှဆိုးရွားကြောင်း ဖော်ပြလိုက်ပေသည်။
မြို့တော် မက္ကစီကိုစီးတီးရှိ Tempest Capital ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ အဆင့် မြင့်တာဝန်ရှိသူတစ်ဦးဖြစ်သူ စဘတ်စ်ရှင်းမီ ရယ်ချိစ်က "အမေရိကန်၊ တရုတ်နဲ့ ဥရောပ ကနေ မက္ကစီကိုကို ပြန်လှည့်လာမယ့် FDI က တစ်နှစ်ကို ဒေါ်လာ ၁၂ဘီလျံကနေ ၁၉ ဘီလျံရှိမယ်လို့ ခန့်မှန်းပါတယ်။ ကိုရိုနာဗိုင်း ရပ်စ်အရေးပြီးသွားရင် ကုန်ထုတ်ကဏ္ဍရဲ့ FDI ကြောင့် မက္ကစီကို GDP (စုစုပေါင်းပြည် တွင်းထုတ်လုပ်မှု) တစ်နှစ်ကို ၄ ဒသမ ၇ ရာခိုင်နှုန်းနဲ့ တက်လာနိုင်ပါတယ်" ဟု ခန့် မှန်းသည်။
မက္ကစီကိုသည် အမေရိကန်နှင့် တရုတ် ကြားက ပထဝီနိုင်ငံရေးအားပြိုင်မှုအား အ မြတ်ထုတ်ရန် အကောင်းဆုံးအနေအထား တွင် တည်ရှိသည်။ အမေရိကန်နှင့် လွတ်လပ် စွာ ကုန်သွယ်မှုသဘောတူညီချက် ရယူထား နိုင်သော စရိတ်သက်သာသည့်တစ်ခုတည်း သော အိမ်နီးချင်းနိုင်ငံလည်းဖြစ်သည်။
မြောက်အမေရိက လွတ်လပ်စွာ ကုန် သွယ်မှု သဘောတူညီချက် (NAFTA) ၂၅ နှစ်ကျော်ကြောင့် မက္ကစီကိုသည် ကုန်တင် ကား၊ ကား၊ လျှပ်စစ်ပစ္စည်း၊ တီဗွီနှင့် ကွန်ပျူ တာများ ထိပ်တန်းထုတ်လုပ်သူနှင့် တင်ပို့သူ ဖြစ်လာပြီးပြီ။ မက္ကစီကိုမှ နယူးယောက်သို့ ကုန်သေတ္တာပို့ရန် ငါးရက်ကြာသည်။ ရှန် ဟိုင်းမှ ရက် ၄၀ ကြာသည်။
မက္ကစီကိုသည် မိုက်ခရိုတစ်ပိုင်း လျှပ် ကူးပစ္စည်းနှင့် လေယာဉ်အင်ဂျင်ကဲ့သို့ပစ္စည်း အစိတ်အပိုင်းများကိုလည်း ထုတ်လုပ်သည်။ အင်ဂျင်နီယာပညာရပ်အဆင့်တွင် ကမ္ဘာ့ နံပါတ် ၈ နေရာတွင်ရှိသည်။ General Electric၊ Boeing၊ KIA အပါအဝင် နိုင်ငံ တကာကုမ္ပဏီများ မက္ကစီကိုတွင် ရှိသည်။
တရုတ်အခက်၊ မက္ကစီကို အချက်ဟုပင် Tempest Capital ကုမ္ပဏီက ဆိုသည်။
သို့ရာတွင် ဘေးကင်းလုံခြုံရေးမှာ မက္က စီကိုရှိ နိုင်ငံခြားလုပ်ငန်းများအတွက် အဓိက ပြဿနာအဖြစ် ရှိနေဆဲပင်။ ပြန်ပေးဆွဲခြင်း၊ မူးယစ်ဂိုဏ်းများ၊ လုံခြုံရေးအတွက် လူမိုက် ငှားခြင်းများနှင့် စပ်လျဉ်း၍ စိုးရိမ်နေရသည်။ မက္ကစီကိုသာ တရုတ်ပေးသော ဘေးကင်းလုံ ခြုံမှု၏ တစ်ဝက်ကိုပေးလိုက်လျှင်ပင် စီးပွား ရေးအတွက် များစွာအထောက်အကူပြုမည်။ ဘေးကင်းလုံခြုံလျှင် ၄င်းသည် လက်တင်အ မေရိကရှိ အကောင်းဆုံးနိုင်ငံဖြစ်လာလိမ့် မည်။
Foley စစ်တမ်းတွင် ကမ္ဘာ့ကုန်သွယ် ရေးတင်းမာမှုများသည် အခြားတစ်နိုင်ငံမှ လုပ်ငန်းများကို မက္ကစီကိုသို့ ရွှေ့ပြောင်းမှု ဖြစ်စေနိုင်သလား မေးသည့်အခါ ဖြေဆိုသူ ၃ပုံ ၂ပုံက နှစ်အနည်းငယ်အတွင်း ယင်းသို့ ဆောင်ရွက်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သို့ မဟုတ် စီစဉ်လျက်ရှိကြောင်း ဖြေကြားခဲ့သည်။ လေးပုံတစ်ပုံက ကုန်သွယ်ရေးစစ်ကြောင့် လုပ်ငန်းများကို အခြားတစ်နိုင်ငံမှ မက္ကစီကို သို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း ဖြေဆိုခဲ့ သည်။
လုပ်ငန်းပြောင်းရွှေ့ရန် စီစဉ်နေသော ကုမ္ပဏီများအနက် ၈၀ ရာခိုင်နှုန်းသည် လာ မည့် နှစ်နှစ်အတွင်း ပြောင်းရွှေ့မည်ဟု ပြော ကြားခဲ့သည်။
(www.Fobe.com တွင် ဖော်ပြသော
"Coronavirus Could be The End of China As A Global Manufacturing Hub" ဆောင်းပါးအား KZTun ပြန်ဆို သည်။)

Comments

Popular posts from this blog

Myanmar Toyohashi Engineering မှ 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်လျက်ရှိ

Myanmar Toyohashi Engineering မှ 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်လျက်ရှိ ရန်ကုန် ဖေဖော်ဝါရီ ၂၈ Myanmar Toyohashi Engineering ကုမ္ပဏီသည် ယခုလက်ရှိတွင် ကားထုတ်လုပ်ရေးကုမ္ပဏီများတွင် အသုံးပြုလျက်ရှိသော 3D ဒီဇိုင်းဆွဲသည့် ပညာအား ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မန္တလေးနည်းပညာတက္ကသိုလ်၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖွင့်လှစ်သင်ကြားပေးသကဲ့သို့ မြန်မာနိုင်ငံရှိ အခြားနည်းပညာ တက္ကသိုလ်များတွင်လည်း သင်ကြား ပေးလိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ အခြေစိုက် Myanmar Toyohashi Engineering Co., Ltd မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. UCHIYAMA နှင့် အဖွဲ့ဝင်တစ်ဦးတို့သည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းရေး ဆွဲသည့်ပညာသင်ပေးမည့် ပရောဂျက် အတွက် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ယမန်နေ့က လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယခုခေတ်အခါသည် Digitalization က အလွန်အရေးပါနေသည်ဖြစ်ရာ နည်းပညာများစွာ လိုအပ်နေကြောင်း၊ မြန် မာနိုင်ငံတွင်လည်း တိုးတက်မှုတော့ရှိနေ ပါပြီဖြစ်ပြီး အဆိုပါ ပရောဂျ...

BDS Smart City အတွက် သဘောတူ စာချုပ်ချုပ်ဆို

BDS မှ သဘောတူစာချုပ်ပါအခြေအနေများပြည့်စုံသည့် နေ့မှစ၍ BDS အားမြေယာပိုင်ဆိုင်ခွင့်ကိုနှစ် ၅၀ ပေးမည်ဖြစ်သည်။ သက်တမ်းကို ၁၀ နှစ်ကာလ သက်တမ်းကို နှစ်နှစ်ဆက်တိုက် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် BDS သည်စီမံကိန်းအောက်တွင် အိမ်ရာယူနစ်ပုံစံဖြင့် YRG ကိုအမေရိကန်ဒေါ်လာ ၁၈၅.၇၆ သန်း (RM759.76 သန်းခန့်) ပေးမည်ဖြစ်သည်။ ဈေးနှုန်းချိုသာသောအိမ်များအပြင်စီမံကိန်းတွင်အလတ်စားတိုက်ခန်းများ၊ အဆင့်မြင့်ကွန်ဒိုမီနီယံများ၊ ဆိုင်ခန်းများ၊ ဈေးဆိုင်များနှင့်တောင်သူလယ်သမားဈေးကွက်များပါ ဝ င်သည့်စီးပွားဖြစ်ယူနစ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် လူမှုအသိုင်းအဝိုင်းစင်တာများကဲ့သို့ သောအဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံများကိုအဆင့် ၃ ဆင့်ဖြင့်တည်ဆောက်မည်ဟု Bland ကဆိုသည်။ ဖွံ့ဖြိုးမှုတစ်ခုလုံးကိုအမေရိကန်ဒေါ်လာ ၆၁၄.၉၂ သန်း (ရင်းဂစ် ၂.၅၂ ဘီလီယံခန့်) ကုန်ကျမည်ဟုခန့်မှန်းရသည်။ “ အခွန်မကောက်မီခန့်မှန်းရသော အမြတ်သည် ဖွ ံ့ဖြိုးတိုးတက်မှု ကာလပြီးဆုံးသည်အထိ အသိအမှတ်ပြုရန် အမေရိကန်ဒေါ်လာ ၁၃၁.၁၆ သန်း (ရင်းဂစ် ၅၃၆ ဒသမ ၄၄ သန်းခန့်) ရှိသည်” ဟု BLandက ဆိုသည်။ "ဒီမြေတွေကိုကိုးနှစ်တာကာလအတွင်း ဖွံ့ဖြိုးပြီး နေ...