Myanmar Toyohashi Engineering မှ 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်လျက်ရှိ
Myanmar Toyohashi Engineering မှ3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်လျက်ရှိ
ရန်ကုန် ဖေဖော်ဝါရီ ၂၈
Myanmar Toyohashi Engineering ကုမ္ပဏီသည် ယခုလက်ရှိတွင် ကားထုတ်လုပ်ရေးကုမ္ပဏီများတွင် အသုံးပြုလျက်ရှိသော 3D ဒီဇိုင်းဆွဲသည့် ပညာအား ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မန္တလေးနည်းပညာတက္ကသိုလ်၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားပေးသကဲ့သို့ မြန်မာနိုင်ငံရှိ အခြားနည်းပညာ တက္ကသိုလ်များတွင်လည်း သင်ကြား ပေးလိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ အခြေစိုက် Myanmar Toyohashi Engineering Co., Ltd မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. UCHIYAMA နှင့် အဖွဲ့ဝင်တစ်ဦးတို့သည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းရေး ဆွဲသည့်ပညာသင်ပေးမည့် ပရောဂျက် အတွက် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ယမန်နေ့က လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယခုခေတ်အခါသည် Digitalization က အလွန်အရေးပါနေသည်ဖြစ်ရာ နည်းပညာများစွာ လိုအပ်နေကြောင်း၊ မြန် မာနိုင်ငံတွင်လည်း တိုးတက်မှုတော့ရှိနေ ပါပြီဖြစ်ပြီး အဆိုပါ ပရောဂျက်များကိုလှိုက် လှဲစွာကြိုဆိုပါကြောင်း အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။
ယခုပရောဂျက်သည် မြန်မာ ကျောင်း သားများ ပညာအရည်အသွေးမြင့်မား လာ စေရန်၊ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီများမှ အသုံးပြုလျက်ရှိသော3D ဒီ ဇိုင်းကို ဂျပန်နိုင်ငံသို့တကူးတက သွားအပ်စရာမလိုဘဲ မြန်မာကျောင်းသားများနှင့်သာ ဒီဇိုင်းအပ်နိုင်ရန်၊ ထိုကဲ့သို့ 3D ဒီဇိုင်း ကုမ္ပဏီများပေါ်ပေါက်လာပြီးသင်တန်းဆင်း ကျောင်းသားများကိုလည်း အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်၍ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကြောင်းသိရသည်။
Myanmar Toyohashi Engineering Co.Ltd သည် ဂျပန်နိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိရန်ကုန်မြို့
တွင် ရုံးခွဲဖွင့်လှစ်၍ မန္တလေးနည်းပညာတက္ကသိုလ်ဆင်း 3D နည်းပညာသင်တန်း ဆင်းလက်မှတ်ရရှိထားသော ဝန်ထမ်း (၁၅) ဦးကိုလည်း ခန့်အပ်ထားကြောင်း သိရသည်။
Ref:umfcci

Zawgyi
Myanmar Toyohashi Engineering မွ

ရန်ကုန် ဖေဖော်ဝါရီ ၂၈
ထိုသို့ ဖွင့်လှစ်သင်ကြားပေး သကဲ့သို့ မြန်မာနိုင်ငံရှိ အခြားနည်းပညာ တက္ကသိုလ်များတွင်လည်း သင်ကြား ပေးလိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ အခြေစိုက် Myanmar Toyohashi Engineering Co., Ltd မှ ဥက္ကဋ္ဌဌ ဖြစ်သူ Mr. UCHIYAMA နှင့် အဖွဲ့ ဝင်တစ်ဦး တို့ သည် မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များတွင် 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းရေး ဆွဲသည့်ပညာသင်ပေးမည့် ပရောဂျက် အတွက် ကုန်သည် စက်မှုအသင်းချုပ်မှ တာ ဝန်ရှိသူများနှင့် ယမန်နေ့က လာ ရောက် တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။

Comments
Post a Comment