Skip to main content

ဆဋ္ဌမအကြိမ်မြောက်အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကျင်းပ

ဆဋ္ဌမအကြိမ်မြောက်အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကျင်းပ


ရန်ကုန်၊ ဖော်ဖော်ဝါရီ ၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု (Green Economy Green Growth GEGG) နှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့ ပူးပေါင်း၍ ဆဋ္ဌမအကြိမ်မြောက် အစိမ်းရောင်စီးပွားရေးအစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည်။
"GEGG Myanmar က အစိမ်းရောင် စီးပွားရေးအစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသွင်းကူးပြောင်းရန် အရေးတကြီး လိုအပ်နေမှုအပေါ် ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူများထံကို အသိအမြင် မြင့်မားစေရန် ယခုလို အသိပညာပေးခြင်းများ ဆောင်ရွက်ပေးတဲ့အတွက် အလေး အနက် ကျေးဇူးတင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်ရန် နည်းလမ်းတစ်ခုမှာ ရေရှည်တည်တံ့ခိုင်မြဲသောနည်း လမ်းအားဖြင့် စိမ်းလန်းသော နည်းပညာအားနဲ့ တန်ပြန်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါမှ ရာသီဥတုပြောင်းလဲမှုနဲ့ လေထုညစ်ညမ်းမှုတွေရဲ့ ဆိုးကျိုးများကို ဆန့်ကျင်နိုင်မှာ ဖြစ်ပါတယ်။ စိမ်းလန်း သော စိုက်ပျိုးရေးကို တည်ဆောက်ခြင်း၊ အစိမ်းရောင်ကုန်ပစ္စည်းများ၊ စားသောက် ကုန်များနဲ့ စက်မှုထုတ်ကုန်များကို ထုတ် လုပ်ခြင်းများကို တုံ့ဆိုင်းမနေဘဲ ယခုပင် လုပ်ဆောင်ရန် လိုအပ်ပါတယ်" ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်း ဝင်းက ပြောသည်။
ဖိုရမ်တွင် ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မြေယာစီမံခန့်ခွဲရေး၊ သဘာဝသယံဇာတ၊ သစ်တော၊ သစ်ပင်နှင့် တောရိုင်းတိရစ္ဆာန်များကို ကာကွယ် စောင့်ရှောက်ခြင်း လူနေမှုဘဝများကို ပျက်စီးဆုံးရှုံးမှုမရှိစေဘဲ အစိမ်းရောင်လုပ်ငန်းစဉ်များ၊ စနစ်တကျစီမံခန့်ခွဲမှုနည်း လမ်းများနှင့် နည်းပညာတီထွင်ဖန်တီးခြင်းတို့ဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားရန် ကဏ္ဍအလိုက် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များမှ ဝိုင်းဖွဲ့ဆွေးနွေးမှုများ၊ ရှင်းလင်းတင်ပြချက်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
April
Zawgyi
ဆ႒မအႀကိမ္ေျမာက္အစိမ္းေရာင္စီးပြားေရးအစိမ္းေရာင္ဖြံ႕ၿဖိဳးတိုးတက္မႈ ဖိုရမ္က်င္းပ
ရန္ကုန္၊ ေဖာ္ေဖာ္ဝါရီ ၇
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ အစိမ္းေရာင္ စီးပြားေရး အစိမ္းေရာင္ဖြံ႕ၿဖိဳးတိုးတက္မႈ (Green Economy Green Growth GEGG) ႏွင့္ ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) တို႔ ပူးေပါင္း၍ ဆ႒မအ ႀကိမ္ေျမာက္ အစိမ္းေရာင္စီးပြားေရးအစိမ္း ေရာင္ ဖြံ႕ၿဖိဳးတိုးတက္မႈဖိုရမ္ကို ရန္ကုန္ ၿမိဳ႕ရွိ ကုန္သည္စက္မႈအသင္းခ်ဳပ္၌ က်င္း ပခဲ့သည္။
"GEGG Myanmar က အစိမ္း ေရာင္ စီးပြားေရးအစိမ္းေရာင္ ဖြံ႕ၿဖိဳးတိုး တက္ဖို႔အတြက္ အသြင္းကူးေျပာင္းရန္ အ ေရးတႀကီး လိုအပ္ေနမႈအေပၚ ပုဂၢလိက က႑ႏွင့္ ျပည္သူမ်ားထံကို အသိအျမင္ ျမင့္မားေစရန္ ယခုလို အသိပညာေပးျခင္း မ်ား ေဆာင္ရြက္ေပးတဲ့အတြက္ အေလး အနက္ ေက်းဇူးတင္ပါတယ္။ ကမၻာႀကီး ပူေႏြးလာမႈကို တိုက္ဖ်က္ရန္ နည္းလမ္း တစ္ခုမွာ ေရရွည္တည္တံ့ခိုင္ၿမဲေသာနည္း လမ္းအားျဖင့္ စိမ္းလန္းေသာ နည္းပညာ အားနဲ႔ တန္ျပန္ဖို႔ အေကာင္းဆံုးနည္းလမ္း ျဖစ္ပါတယ္။ ဒါမွ ရာသီဥတုေျပာင္းလဲမႈနဲ႔ ေလထုညစ္ညမ္းမႈေတြရဲ႕ ဆိုးက်ိဳးမ်ားကို ဆန္႔က်င္ႏိုင္မွာ ျဖစ္ပါတယ္။ စိမ္းလန္း ေသာ စိုက္ပ်ိဳးေရးကို တည္ေဆာက္ျခင္း၊ အစိမ္းေရာင္ကုန္ပစၥည္းမ်ား၊ စားေသာက္ ကုန္မ်ားနဲ႔ စက္မႈထုတ္ကုန္မ်ားကို ထုတ္ လုပ္ျခင္းမ်ားကို တံု႔ဆိုင္းမေနဘဲ ယခုပင္ လုပ္ေဆာင္ရန္ လိုအပ္ပါတယ္" ဟု ကုန္ သည္စက္မႈအသင္းခ်ဳပ္ဥကၠ႒ ဦးေဇာ္မင္း ဝင္းက ေျပာသည္။
ဖိုရမ္တြင္ ေဆာက္လုပ္ေရး၊ အေျခခံ အေဆာက္အအံုႏွင့္ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ ေရး၊ စိုက္ပ်ိဳးေရးႏွင့္ ေျမယာစီမံခန္႔ခြဲေရး၊ သဘာဝသယံဇာတ၊ သစ္ေတာ၊ သစ္ပင္ ႏွင့္ ေတာ႐ိုင္းတိရစၦာန္မ်ားကို ကာကြယ္ ေစာင့္ေရွာက္ျခင္း လူေနမႈဘဝမ်ားကို ပ်က္စီးဆံုး႐ံႈးမႈမရွိေစဘဲ အစိမ္းေရာင္လုပ္ ငန္းစဥ္မ်ား၊ စနစ္တက်စီမံခန္႔ခြဲမႈနည္း လမ္းမ်ားႏွင့္ နည္းပညာတီထြင္ဖန္တီး ျခင္းတို႔ျဖင့္ ေရရွည္တည္တံ့ခိုင္ၿမဲ၍ ဖြံ႕ၿဖိဳး တိုးတက္ေအာင္ ဝိုင္းဝန္းေဆာင္ရြက္သြား ရန္ က႑အလိုက္ သက္ဆိုင္ရာ ျပည္တြင္း ျပည္ပမွ ကြ်မ္းက်င္ပညာရွင္မ်ားႏွင့္ ပုဂၢ လိကက႑မွ ကိုယ္စားလွယ္မ်ားမွ ဝိုင္း ဖြဲ႕ေဆြးေႏြးမႈမ်ား၊ ရွင္းလင္းတင္ျပခ်က္ မ်ားျဖင့္ က်င္းပခဲ့ေၾကာင္း သိရသည္။
April

Comments

Popular posts from this blog

Myanmar Toyohashi Engineering မှ 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်လျက်ရှိ

Myanmar Toyohashi Engineering မှ 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်လျက်ရှိ ရန်ကုန် ဖေဖော်ဝါရီ ၂၈ Myanmar Toyohashi Engineering ကုမ္ပဏီသည် ယခုလက်ရှိတွင် ကားထုတ်လုပ်ရေးကုမ္ပဏီများတွင် အသုံးပြုလျက်ရှိသော 3D ဒီဇိုင်းဆွဲသည့် ပညာအား ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မန္တလေးနည်းပညာတက္ကသိုလ်၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖွင့်လှစ်သင်ကြားပေးသကဲ့သို့ မြန်မာနိုင်ငံရှိ အခြားနည်းပညာ တက္ကသိုလ်များတွင်လည်း သင်ကြား ပေးလိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ အခြေစိုက် Myanmar Toyohashi Engineering Co., Ltd မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. UCHIYAMA နှင့် အဖွဲ့ဝင်တစ်ဦးတို့သည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းရေး ဆွဲသည့်ပညာသင်ပေးမည့် ပရောဂျက် အတွက် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ယမန်နေ့က လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယခုခေတ်အခါသည် Digitalization က အလွန်အရေးပါနေသည်ဖြစ်ရာ နည်းပညာများစွာ လိုအပ်နေကြောင်း၊ မြန် မာနိုင်ငံတွင်လည်း တိုးတက်မှုတော့ရှိနေ ပါပြီဖြစ်ပြီး အဆိုပါ ပရောဂျ...

BDS Smart City အတွက် သဘောတူ စာချုပ်ချုပ်ဆို

BDS မှ သဘောတူစာချုပ်ပါအခြေအနေများပြည့်စုံသည့် နေ့မှစ၍ BDS အားမြေယာပိုင်ဆိုင်ခွင့်ကိုနှစ် ၅၀ ပေးမည်ဖြစ်သည်။ သက်တမ်းကို ၁၀ နှစ်ကာလ သက်တမ်းကို နှစ်နှစ်ဆက်တိုက် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် BDS သည်စီမံကိန်းအောက်တွင် အိမ်ရာယူနစ်ပုံစံဖြင့် YRG ကိုအမေရိကန်ဒေါ်လာ ၁၈၅.၇၆ သန်း (RM759.76 သန်းခန့်) ပေးမည်ဖြစ်သည်။ ဈေးနှုန်းချိုသာသောအိမ်များအပြင်စီမံကိန်းတွင်အလတ်စားတိုက်ခန်းများ၊ အဆင့်မြင့်ကွန်ဒိုမီနီယံများ၊ ဆိုင်ခန်းများ၊ ဈေးဆိုင်များနှင့်တောင်သူလယ်သမားဈေးကွက်များပါ ဝ င်သည့်စီးပွားဖြစ်ယူနစ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် လူမှုအသိုင်းအဝိုင်းစင်တာများကဲ့သို့ သောအဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံများကိုအဆင့် ၃ ဆင့်ဖြင့်တည်ဆောက်မည်ဟု Bland ကဆိုသည်။ ဖွံ့ဖြိုးမှုတစ်ခုလုံးကိုအမေရိကန်ဒေါ်လာ ၆၁၄.၉၂ သန်း (ရင်းဂစ် ၂.၅၂ ဘီလီယံခန့်) ကုန်ကျမည်ဟုခန့်မှန်းရသည်။ “ အခွန်မကောက်မီခန့်မှန်းရသော အမြတ်သည် ဖွ ံ့ဖြိုးတိုးတက်မှု ကာလပြီးဆုံးသည်အထိ အသိအမှတ်ပြုရန် အမေရိကန်ဒေါ်လာ ၁၃၁.၁၆ သန်း (ရင်းဂစ် ၅၃၆ ဒသမ ၄၄ သန်းခန့်) ရှိသည်” ဟု BLandက ဆိုသည်။ "ဒီမြေတွေကိုကိုးနှစ်တာကာလအတွင်း ဖွံ့ဖြိုးပြီး နေ...

ကိုရိုနာဗိုင်းရပ်စ်က တရုတ်အား ကမ္ဘာ့ကုန်ထုတ်လုပ်ရာ ဗဟိုချက်အဖြစ် ရပ်တည်မှုကို အဆုံးသတ်သွားစေမည်လား

ကိုရိုနာဗိုင်းရပ်စ်က တရုတ်အား ကမ္ဘာ့ကုန်ထုတ်လုပ်ရာ ဗဟိုချက်အဖြစ် ရပ်တည်မှုကို အဆုံးသတ်သွားစေမည်လား ကမ္ဘာ့စက်ရုံအဖြစ် နှစ် ၃၀နီးပါး လည်ပတ်နေသော တရုတ်၏အခန်းကဏ္ဍကို COVID-19 က တစ်ခန်းရပ်သွားစေလိမ့်မည်။ "ကျွန်တော်ထင်တယ်။ ကမ္ဘာ့စက်ရုံအဖြစ် တရုတ်ရပ်တည်မှုဟာ ဒီအပတ်ဆုံးသတ်သွားပြီ"ဟု Bretton Woods Research အကြီးစားရင်းနှီးမြှုပ်နှံမှုဆိုင်ရာသုတေသနစစ်တမ်း ကုမ္ပဏီဥက္ကဋ္ဌ ဗလာဒီမာစစ္ဂနိုရယ်လီက ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးကွက်များ လက်ရှိနစ်နာသည်ထက် တရုတ်စီးပွားရေးက ပိုထိခိုက်နေသည်။ S & P 500 စတော့ရှယ်ယာအညွှန်းကိန်း ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော နိုင်ငံကြီးများအားလုံးတွင် အဆိုးရွားဆုံးစတော့ဈေးကွက်ဖြစ်ခဲ့သည်။ လူနှစ်ထောင်ကျော် ကူးစက်ခံရသော အီတလီပင်ပြီးခဲ့သော သီတင်းပတ်က အမေရိကန်ထက် အခြေအနေကောင်းခဲ့သည်။ COVID-19 ၏ ကြောက်စရာအကောင်းဆုံး ရိုက်ခတ်မှုမှာ ရေတိုစီးပွားရေးထိခိုက်မှု မဟုတ်ဘဲ ထောက်ပံ့ရေးကွင်းဆက်အား ရေရှည်ထိခိုက်နိုင်ခြေရှိခြင်းဟု China Beige Book ဒေတာကောက်ယူရေးလုပ်ငန်း အမ်ဒီဖြစ်သူ ရှဟက်ဇာကာဇီက ထောက်ပြသည်။ တရုတ်ကားထုတ်လုပ်ရေးစက်ရုံနှင့်...