COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ၂၀၂၀ ခုနှစ်အတွက် အရှေ့အာရှ၏ ဂျီဒီပီတိုးတက်မှုနှုန်းကို ၄.၅% သို့ ကျဆင်းစေဖွယ်ရှိဟု ICAEW ခန့်မှန်း
COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ၂၀၂၀ ခုနှစ်အတွက်
အရှေ့အာရှ၏ ဂျီဒီပီတိုးတက်မှုနှုန်းကို ၄.၅% သို့ ကျဆင်းစေဖွယ်ရှိဟု ICAEW ခန့်မှန်း
နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် (COVID-19)
ဆက်လက်ပျံ့နှံ့နေမှုက ခရီးသွားလုပ်ငန်း နှင့် ဒေသတွင်း
ကုန်စည်စီးဆင်းမှုများကို ထိခိုက်စေပြီး အိမ်ထောင်စုများ၏ ငွေကြေးသုံးစွဲမှုကို
ကျဆင်းစေသည့်အတွက် အရှေ့တောင်အာရှဒေသတစ်ခွင်ရှိ
စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးကာ ၂၀၂၀ ပြည့်နှစ်တွင် ၄.၂% အထိ
ရောက်ရှိမည်ဟုခန့်မှန်းရသည်။ ဤခန့်မှန်းချက်မှာ Chartered စာရင်းကိုင်အဖွဲ့အစည်း
ICAEW ၏ နောက်ဆုံးထုတ်ပြန်သည့် Economic Update:
South-East Asia အစီရင်ခံစာအရဖြစ်သည်။ သို့သော်လည်း
လိုက်လျောညီထွေဖြစ်သော နိုင်ငံလုံးဆိုင်ရာ စီးပွားရေးမူဝါဒများ နှင့်
ဘဏ္ဍာရေးလှုပ်နှိုးမှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၅% သို့
ပြန်လည်မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
တရုတ်နိုင်ငံစီးပွားရေးအပေါ်
Covid-19 ဗိုင်းရပ်စ်ပျံ့နှံ့မှု၏
ရိုက်ခတ်မှုဒဏ်ချက်က အရှေ့တောင်အာရှဒေသ (SEA) တခွင်ရှိ
ခရီးသွားလုပ်ငန်းများနှင့် အိမ်ထောင်စုအလိုက်ငွေကြေးသုံးစွဲမှုများ ကျဆင်းပြီး
ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခြင်းမှတဆင့် အရှေ့တောင်အာရှဒေသကို
သိသိသာသာထိခိုက်လာရန် ရှိသည်။ အလားတူ မြန်မာနိုင်ငံ၏စီးပွားရေးသည်လည်း
တရုတ်နိုင်ငံ နှင့် နယ်စပ်ကုန်သွယ်မှု ကျဆင်းခြင်းကြောင့် ထိခိုက်လျက်ရှိသည်။
တစ်ဖက်တွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့်မူ ခရီးသွားလုပ်ငန်းအပေါ်
အားပြုမှုနည်းပါးသည့်အတွက် ထိခိုက်မှုကို ထိန်းချုပ်နိုင်ဖွယ်ရှိသည်။
သို့ရာတွင်
ခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုများအပေါ်ရိုက်ခတ်မှုမှာ ရေတိုသာဖြစ်မည်ဟု
မျှော်လင့် ထားသည်။ အမေရိကန်နိုင်ငံ နှင့် တရုတ်နိုင်ငံအကြား Phase One trade Deal ရှိနေသည့်အတွက်
ဒုတိယနှစ်ဝက်အတွင်း လျှပ်စစ်ပစ္စည်းဈေးကွက် နာလန်ထူလာပြီး
ကျန်သည့်နှစ်တလျှောက်လုံး သွင်းကုန်ပို့ကုန်လုပ်ငန်းများအနေဖြင့်
မျှော်လင့်ထားသလို သိသိသာသာ ပြန်လည်တိုးတက်လာပါက အရှေ့တောင်အာရှဒေသ၏
စီးပွားရေးကျဆင်းမှုကို လျော့နည်းစေမည်ဖြစ်သည်။ ဒေသအတွင်း
ငွေကြေးဆိုင်ရာမူဝါဒများဖြေလျှော့မှုနှင့်
ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲခြင်းများကြောင့်လည်း ဒေသတွင်း ဝယ်လိုအားကို
အထောက်အကူပြုကာ ဗိုင်းရပ်စ်ပျံ့နှံ့မှု၏ ရိုက်ခတ်မှုဒဏ်ကို သက်သာစေမည်ဖြစ်သည်။
ခြုံငုံကြည့်လျှင် ဒေသတွင်းဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၁၉ တွင် ၄.၅% သို့
ကျဆင်းနေရာမှ ၂၀၂၀ တွင် ၄.၂% သို့ ထပ်မံကျဆင်းရန်ရှိသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ
ဘဏ္ဍာရေးအကြပ်အတည်းဖြစ်ပွားခဲ့သည့် ၂၀၀၈ နောက်ပိုင်းတွင် တိုးတက်မှုအနည်းဆုံး
ဖြစ်လာမည်ဖြစ်သည်။
“လူထုရဲ့ပါဝင်ပတ်သက်မှု
ပိုမိုများပြားပြီး ကုန်စည်စီးဆင်းမှုအဆင့်ဆင့်မှာ
အပြန်အလှန်ထိခိုက်မှုရှိတဲ့အတွက် Covid-19 ပျံ့နှံ့မှုကနေ
ရိုက်ခတ်တာက SARS ပျံ့နှံ့မှုထက် ပိုကြီးမယ်ဆိုပေမဲ့ ထိခိုက်မှုအများစုက
၂၀၂၀
ပထမနှစ်ဝက်မှာပဲရှိပြီး၂၀၂၀ဒုတိယနှစ်ဝက်မှာပြန်လည်နာလန်ထူလာမယ်လို့ကျွန်မတို့မျှော်လင့်ထားပါတယ်”
ဟု ICAEW ၏ Economic Advisor နှင့် Oxford Economics ၏ Lead Asia
Economist ဖြစ်သူ Sian Fenner ကပြောသည်။
ထို့ပြင် “၂၀၂၀ အတွက် ဒေသတွင်းတိုးတက်မှုကို ၄.၂ %
ရှိမယ်လို့ လျှော့ချခန့်မှန်းထားပေမဲ့ ၂၀၂၁ မှာ ၅% ကို ပြန်တက်လာဖို့ရှိပါတယ်”
ဟုလည်း Sian Fenner ကဆက်လက်ပြောကြားသည်။
● ရောဂါပိုးပျံ့နှံ့မှုကြောင့်
စီးပွားရေးနှေးကွေးမှုကို ခုသာခံသာရှိစေမည့် လိုက်လျောညီထွေရှိသော
နိုင်ငံလုံးဆိုင်ရာမူဝါဒများ
ယိုယွင်းလာသည့်
စီးပွားရေးဆိုင်ရာ ပတ်ဝန်းကျင်အနေအထားတွင် Expansionary Monetary
Policy များနှင့် ဘဏ္ဍာရေးလှုပ်နှိုးမှုများက
ဗိုင်းရပ်ဖြစ်ပွားပျံ့နှံ့မှု၏ရိုက်ခတ်မှုကို ညင်သာစေလိမ့်မည်။ ထိုင်းနိုင်ငံ၊
မလေးရှားနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အတိုးနှုန်းများကို ယခုနှစ်တွင်
အခြေခံပွိုင့် ၂၅ မှတ်စီ လျှော့ချလိုက်ပြီဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက ၂၀၂၀
ပြည့်နှစ် ပထမနှစ်ဝက်အတွင်း ပိုမိုလျှော့ချဖွယ်ရှိသည်။ စင်ကာပူနိုင်ငံတွင်
စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) က ဧပြီလအတွင်း
ကုန်သွယ်မှုနှုန်းနှင့် ချိန်ညှိ တိုင်းတာသော ငွေကြေးတန်ဖိုး (Trade-Weight
Currency Band ) နှင့် ပတ်သက်၍ လုံး၀၀င်ရောက် မစွက်ဖက်သည့်
အနေအထားသို့ ပြောင်းလဲလာနိုင်သည်။
ဘဏ္ဍာရေးမျက်နှာစာတွင်
စင်ကာပူနိုင်ငံက ၎င်း၏ ၂၀၂၀ ဘတ်ဂျက်အတွက် မျှော်လင့်သည်ထက် ပိုမိုများပြားသော
ဘဏ္ဍာငွေထောက်ပံ့မှု (ဂျီဒီပီ ၁.၂%) ကိုအစပျိုးလိုက်သည်က ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့်
စီးပွားရေးထိခိုက်မှုကိုသက်သာစေပြီး ထိုင်းနိုင်ငံနှင့်
မလေးရှားနိုင်ငံတို့သည်လည်း မကြာသေးမီက အလားတူလုပ်ဆောင်လာကြသည်။
ICAEW ၏ Greater
China and South-East Asia ဆိုင်ရာ Regional Director ဖြစ်သူ Mark Billington က “ရောဂါပိုးပျံ့နှံ့မှုကြာရှည်မယ်ဆိုရင်
ရေရှည်အသုံးစရိတ်ကို ထိခိုက်လာနိုင်ပြီး တိုးတက်မှုနှုန်းကို
ပိုကျဆင်းစေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့သတိထားစောင့်ကြည့်နေပါတယ်။
လောလောဆယ်မှာတော့ Covid-19 ရဲ့ရိုက်ခတ်မှုက
ပြင်းထန်ပေမဲ့ရေတိုပဲဖြစ်ပြီး ဒေသတွင်းဝယ်လိုအားကိုတိုးမြှင့်ဖို့
သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကြိုးပမ်းမှုကြောင့် ခုသာခံသာဖြစ်စေမယ်လို့
မျှော်လင့်ထားပါတယ် ” ဟုဆိုသည်။
အစီရင်ခံစာတွင်
အခြားတွေ့ရှိသည်များအနက် ပါဝင်သည်မှာ
● COVID-19 ပျံ့နှံ့မှုကြောင့် စင်ကာပူ၏
ဂျီဒီပီတိုးတက်မှုသည် ၂၀၂၀ တွင် ၁% သို့ရောက်ရှိမည်ဟု ယခင်ခန့်မှန်းပမာဏကို
လျှော့ချလိုက်သည်။
COVID-19 ပျံ့နှံ့မှုကြောင့်
စင်ကာပူသည် တရုတ်၊ အီရန်၊ အီတလီမြောက်ပိုင်း နှင့် တောင်ကိုရီးယားတို့မှ
ခရီးသွားများဝင်ရောက်ခြင်းကိုပိတ်ပင်လိုက်သည့်အတွက်၂၀၂၀ ပထမပတ်တွင်
ခရီးသွားလုပ်ငန်းနှင့်ဆိုင်သော ကဏ္ဍများကိုထိခိုက်စေသည်။ ထို့အပြင် တရုတ်နှင့်
စင်ကာပူ နှစ်နိုင်ငံကြား ကူးလူးဆက်သွယ်မှု
များပြားသည့်အတွက်စင်ကာပူနိုင်ငံ၏ဝန်ဆောင်မှုပို့ကုန်များသိသိသာသာကျဆင်းပြီးဝန်ဆောင်မှုသွင်းကုန်အားနည်းခြင်းကသာလျှင်
ထိုသို့ကျဆင်းမှုကို တစ်စိတ်တစ်ပိုင်း ခုခံနိုင်မည်ဖြစ်သည်။
ပုဂ္ဂလိကသုံးစွဲမှုများသည်လည်း စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအကြား
ယိုင်နဲ့သည့် ဆက်ဆံရေးကြောင့် ကနဦးခန့်မှန်းထားသည်ထက်
ပိုမိုနှေးကွေးလိမ့်မည်ဖြစ်သည်။
သမိုင်းတစ်လျှောက်
အများပြားဆုံးဘတ်ဂျက်ပမာဏများအနက် အပါအဝင်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်အတွက်
စင်ကာပူဘတ်ဂျက်သည် COVID-19 ပျံ့နှံ့မှုမှအခြေခံလာသည့်
အနုတ်သဘောဆောင်သော စီးပွားရေးဒဏ်ချက် များကို ခုသာခံသာရှိစေလိမ့်မည်ဖြစ်သည်။
စင်ကာပူအစိုးရ၏ ဘဏ္ဍာရေးပံ့ပိုးမှု (၁.၂% ဂျီဒီပီ) နှင့် ကျန်းမာရေးလုပ်သားများ၊
စီးပွားရေးလုပ်ငန်းများ နှင့် အိမ်ထောင်စုများအတွက် ပံ့ပိုးကူညီငွေ စင်ကာပူဒေါ်လာ
၆.၄
ဘီလျံကလည်း ကုန်ကျစရိတ်များအတွက် အထောက်အပံ့ဖြစ်စေလိမ့်မည်ဖြစ်သည်။ စာရင်းသေ
ရင်းနှီးမြှုပ်နှံမှုများသည်လည်း Changi Airport Terminal
5 နှင့် North-South Corridor ကဲ့သို့သော
အကြီးစားပြည်သူ့စီမံကိန်းများနှင့်အတူ လာမည့်လများအတွင်း
ကောင်းမွန်သောအရှိန်အဟုန်ဖြင့် ကြီးထွားလာရန် ရှိသည်။
ခြုံငုံကြည့်လျှင်
ရေတိုသာဖြစ်သော်လည်း စိန်ခေါ်မှုကြီးမားသော ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်
ပြင်ပပတ်ဝန်းကျင် အနေအထားကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် စင်ကာပူနိုင်ငံ၏ဂျီဒီပီသည်
၁% သို့ကျဆင်းဖွယ်ရှိသည်။
● ထိုင်းနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၁၉
တွင် ၂.၄% ရှိရာမှ ခရီးသွားလုပ်ငန်းများ နှင့် ပုဂ္ဂလိကဝယ်ယူသုံးစွဲမှုများ
လျော့ကျခြင်းကြောင့် ၂၀၂၀ တွင် ၁.၉% သို့ကျဆင်းရန်ရှိ
ထိုင်းနိုင်ငံစီးပွားရေးသည်
ယေဘုယျအားဖြင့် ကျဆင်းနေသည့်အနေအထားရှိပြီး ၂၀၁၉ စတုတ္ထပတ်တွင် ဂျီဒီပီသည် 1.6% သို့ရောက်ရှိသွားသည့်အတွက် ၂၀၁၉ ခုနှစ်ကို
အကျဘက်နှင့်အဆုံးသတ်ခဲ့ပြီးဖြစ်သည်။ COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်
အစိုးရ၏ငွေကြေးသုံးစွဲမှု ကြန့်ကြာခြင်းများကပါ တစ်ပူပေါ်နှစ်ပူဆင့်လာသည့် အတွက် SEA
စီးပွားရေးအင်အားစုများအနက် အထိခိုက်ဆုံးမှာ ထိုင်းနိုင်ငံဖြစ်ရန်
ရှိသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍနှင့်
အိမ်ထောင်စုအလိုက်သုံးစွဲမှုများကို အများဆုံးထိခိုက်ရန်ရှိပြီး ၂၀၂၀ ပြည့်နှစ်
ပထမပတ်တွင် အထူးသဖြင့်သိသာလိမ့်မည်။ ထို့အပြင် ကုန်စည်စီးဆင်းမှု
ပြတ်တောက်ခြင်းများ နှင့် တရုတ်နိုင်ငံ၏ ပို့ကုန်ဝယ်လိုအားများလည်း
ဆက်လက်ကျဆင်းနေရန်ရှိသည့်အတွက် သိသာခြင်း မရှိသော်လည်း
ရိုက်ခတ်မှုဒဏ်ကိုခံရဦးမည်မှာ စက်မှုကုန်ထုတ်လုပ်ငန်းများ နှင့်
ကုန်ပစ္စည်းပို့ကုန်လုပ်ငန်းများ ဖြစ်သည်။
သို့ရာတွင်
ထိုင်းနိုင်ငံသည် လိုက်လျောညီထွေရှိသော နိုင်ငံလုံးဆိုင်ရာမူဝါဒများကြောင့် ၂၀၂၀
ပြည့်နှစ် ဒုတိယနှစ်ဝက်တွင် စီးပွားရေးပြန်လည်ဦးမော့လာမည်ဟု မျှော်မှန်းထားသည်။
လက်ရှိအချိန်အထိ The Bank of Thailand သည် ငွေကြေးဖောင်းပွမှုကိုတွန်းလှန်ရန်အတွက် အခြားဘဏ္ဍာရေးဆိုင်ရာ
ကိုင်တွယ်မှုများ အပြင် အတိုးနှုန်းကိုလည်း ၁% သို့
ဖေဖော်ဝါရီလတွင် ထပ်မံလျှော့ချခဲ့ပြီးဖြစ်သည်။ ထိုင်းအစိုးရသည်
အိမ်ထောင်စုများနှင့်
ခရီးသွားကဏ္ဍကို လှုပ်နှိုးရန်အတွက် ထပ်မံပံ့ပိုးကူညီမည်ဟု ကြေညာဖွယ်ရှိသည်။
ခြုံငုံကြည့်လျှင် ထိုင်းနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုသည် ခန့်မှန်းချက်အရ ၂၀၂၀ တွင်
၁.၉% သို့ရောက်ရှိမည်ဖြစ်ရာ ၂၀၁၉ တွင် ၂.၄%ရှိခဲ့သည့်အတွက်
တိုးတက်မှုနှုန်းကျဆင်းခြင်းကို ပြသနေခြင်း ဖြစ်သည်။
ICAEW Economic Update:
South-East Asia အစီရင်ခံစာ အပြည့်အစုံကို ဤလင့်ခ်တွင်
ဖတ်ရှုနိုင်သည်။
– ပြီး –
Economic
Update အကြောင်း
Economic
Update: South-East Asia ကို ICAEW ၏
မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Oxford Economics မှ ထုတ်ဝေပြီး ICAEW
မှ စစ်ဆေးသည်။ အစီရင်ခံစာတွင် အဖွဲ့ဝင် ၁၅၂,၀၀၀
၏ လက်ရှိ ဒေသတွင်းစီးပွားရေး လုပ်ဆောင်မှုများကို ဖော်ပြပေးထားသည်။
အရှေ့တောင်အာရှစီးပွားရေးကဏ္ဍ၏ နှစ်လည်သုံးသပ်ချက်များ ကို ထည့်သွင်းထားပြီး
အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ကို
အဓိကထားဖော်ပြသည်။
ICAEW
- The Institute of Chartered Accountants in England and Wales အကြောင်း
ကမ္ဘာတဝှမ်းလုံးတွင် အောင်မြင်ပြီး ရည်ရှည်တည်တံ့သော
အနာဂတ်ဖြစ်ထွန်းစေရန် လုပ်ဆောင်နေသည့် အရည်အသွေးပြည့်ပြီး ကျင့်ဝတ်ညီညွတ်သည့်
လုပ်ငန်းကျွမ်းကျင်သူ လက်မှတ်ရစာရင်းကိုင်များ နှင့် ကျောင်းသားပေါင်း ၁.၈ သန်း
ရှိသည်။
ယင်းတို့အနက် ၁၈၀,၀၀၀
တို့သည် ICAEW ၏ လက်မှတ်ရစာရင်းကိုင်များနှင့်
ကျောင်းသားပေါင်း ဖြစ်သည်။ ၎င်းတို့ တစ်ဦးချင်းကို ICAEW မှ
လေ့ကျင့်ပျိုးထောင်ပေးပြီး ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးကဏ္ဍများ ကို
ရှေရှည်ဖြစ်ထွန်းပြီး မျှတအားထားနိုင်သည့် စီးပွားရေးဖြစ်အောင် တည်ဆောက်နိုင်သည့်
လုံလောက်သော ဗဟုသုတနှင့် အရည်အသွေးရှိစေရန် တစ်ဦးချင်းစီအား ကူညီထောက်ပံ့ပေးလျက်ရှိသည်။
ICAEW
ကိုတည်ထောင်ခဲ့သည့် ၁၈၈၀ ခုနှစ်မှစ၍ စာရင်းစစ်အလုပ်အကိုင်နယ်ပယ်၏
အားပေးမှုများနှင့် ယုံကြည်ထောက်ခံမှုများကိုရရှိခဲ့သည်။
တကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အစိုးရဌာနများ၊
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များနှင့် စီးပွားရေး ဆိုင်ရာ
ဦးဆောင်သူများကို ဗဟုသုတနှင့် ပညာရပ်များ မျှဝေကာ စာရင်းစစ်ပညာသည်
စီးပွားရေးကဏ္ဍအတွက် ကောင်းသောအပြောင်းအလဲတစ်ခု ဖြစ်သည်ဟု ယုံကြည်ထားသည်။
ICAEW
သည် Chartered Accountants Worldwide နှင့် the
Global Accounting Alliance တို့၏ တည်ထောင်သူ အဖွဲ့ဝင်လည်းဖြစ်သည်။
Oxford
Economics အကြောင်း
Oxford
Economics သည် ကမ္ဘာ့ထိပ်တန်း အကြံပေးအဖွဲ့အစည်းများထဲမှ
တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀၊ လုပ်ငန်းကဏ္ဍပေါင်း ၁၀၀ နှင့် မြို့ပေါင်း ၃၀၀၀
အတွက် စစ်တမ်းများ ပြုလုပ်ပေးလျက်ရှိသည်။ ယင်းတို့၏ စစ်တမ်းများသည်
လုပ်ငန်းဦးတည်ရာများနှင့် စီးပွားရေးများ၊ လူမှုရေးနှင့် လုပ်ငန်းဆိုင်ရာ သက်ရောက်မှုများ
ကို ကြိုတင်ခန့်မှန်းနိုင်ရန် အထောက်အကူပေးလျက်ရှိသည်။ ရုံးချုပ်သည်
အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်မြို့တွင် ရှိပြီး ဒေသရုံးချုပ်များကို လန်ဒန်၊
နယူးယောက်နှင့် စင်ကာပူတို့တွင် ဖွင့်လှစ်ထားရှိကာ တကမ္ဘာလုံးတွင်
ရုံးခွဲပေါင်းများစွာရှိသည်။ အသေးစားစီးပွားရေးလုပ်ငန်းဆိုင်ရာပညာရှင်များရှိသည့်
ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ခေါင်းဆောင်မှုဆိုင်ရာပညာရှင်များလည်း
ခန့်အပ်ထားသည်။

Comments
Post a Comment