Skip to main content

Posts

Featured Post

Mingalar Par!

Mingalar Par! We are Industrial Technology Magazine. We'll publish by electronic version from September Issue.
Recent posts

Myanmar Toyohashi Engineering မှ 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်လျက်ရှိ

Myanmar Toyohashi Engineering မှ 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်လျက်ရှိ ရန်ကုန် ဖေဖော်ဝါရီ ၂၈ Myanmar Toyohashi Engineering ကုမ္ပဏီသည် ယခုလက်ရှိတွင် ကားထုတ်လုပ်ရေးကုမ္ပဏီများတွင် အသုံးပြုလျက်ရှိသော 3D ဒီဇိုင်းဆွဲသည့် ပညာအား ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မန္တလေးနည်းပညာတက္ကသိုလ်၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖွင့်လှစ်သင်ကြားပေးသကဲ့သို့ မြန်မာနိုင်ငံရှိ အခြားနည်းပညာ တက္ကသိုလ်များတွင်လည်း သင်ကြား ပေးလိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ အခြေစိုက် Myanmar Toyohashi Engineering Co., Ltd မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. UCHIYAMA နှင့် အဖွဲ့ဝင်တစ်ဦးတို့သည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းရေး ဆွဲသည့်ပညာသင်ပေးမည့် ပရောဂျက် အတွက် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ယမန်နေ့က လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယခုခေတ်အခါသည် Digitalization က အလွန်အရေးပါနေသည်ဖြစ်ရာ နည်းပညာများစွာ လိုအပ်နေကြောင်း၊ မြန် မာနိုင်ငံတွင်လည်း တိုးတက်မှုတော့ရှိနေ ပါပြီဖြစ်ပြီး အဆိုပါ ပရောဂျ...

ဆဋ္ဌမအကြိမ်မြောက်အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကျင်းပ

ဆဋ္ဌမအကြိမ်မြောက်အစိမ်းရောင်စီးပွားရေးအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကျင်းပ ရန်ကုန်၊ ဖော်ဖော်ဝါရီ ၇ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု (Green Economy Green Growth GEGG) နှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့ ပူးပေါင်း၍ ဆဋ္ဌမအကြိမ်မြောက် အစိမ်းရောင်စီးပွားရေးအစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည်။ "GEGG Myanmar က အစိမ်းရောင် စီးပွားရေးအစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသွင်းကူးပြောင်းရန် အရေးတကြီး လိုအပ်နေမှုအပေါ် ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူများထံကို အသိအမြင် မြင့်မားစေရန် ယခုလို အသိပညာပေးခြင်းများ ဆောင်ရွက်ပေးတဲ့အတွက် အလေး အနက် ကျေးဇူးတင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်ရန် နည်းလမ်းတစ်ခုမှာ ရေရှည်တည်တံ့ခိုင်မြဲသောနည်း လမ်းအားဖြင့် စိမ်းလန်းသော နည်းပညာအားနဲ့ တန်ပြန်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါမှ ရာသီဥတုပြောင်းလဲမှုနဲ့ လေထုညစ်ညမ်းမှုတွေရဲ့ ဆိုးကျိုးများကို ဆန့်ကျင်နိုင်မှာ ဖြစ်ပါတယ်။ စိမ်းလန်း သော စိုက်ပျိုးရေးကို တည်ဆေ...

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အတိုးနှုန်းကို ဩစတြေးလျစံချိန်တင်လျှော့ချ

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အတိုးနှုန်းကို ဩစတြေးလျစံချိန်တင်လျှော့ချ ဩစတြေးလျ၊ မတ် ၃ COVID-19 အဆုပ်ရောင်ရောဂါဖြစ်ပွားမှု၏ စီးပွားရေးအရ ရိုက်ခတ်မှုကို ထိန်းချုပ်ရန် ဩစတြေးလျဗဟိုဘဏ်က အတိုးနှုန်းအား စံချိန်တင်လျှော့ချလိုက်သည်။ ယနေ့အစည်းအဝေးတွင် အတိုးနှုန်းကို ၂၅ ဘီပီအက်စ်လျှော့ပြီး ဝ ဒသမ ၅ ရာခိုင်နှုန်းသို့ သတ်မှတ်လိုက်ကြောင်း၊ ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို တုံ့ပြန်သည့်အနေဖြင့် စီးပွားရေးအား အထောက်အကူပြုစေရန် ရည်ရွယ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည ်စီးပွားရေးအပေါ် COVID-19 ၏သက်ရောက်မှု ကြီးမားပြီး မည်မျှဆက်လက် ရိုက်ခတ်နေမည်ကို ခန့်မှန်းရန်ခက်ခဲကြောင်း ဗဟိုဘဏ်အကြီးအကဲဖိလစ်လိုက ပြောဆိုသည်။ ဗိုင်းရပ်စ်ဂယက်အား ကိုင်တွယ်ရန်နည်းလမ်းများ ဆွေးနွေးရန်အတွက် ယနေ့နှောင်း ပိုင်းတွင် G-7 အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်အကြီးအကဲများ မစည်းဝေးမီ ဤထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ Translated by KZTun Zawgyi ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အတိုးနှုန်းကို ဩစတြေးလျစံချိန်တင်လျှော့ချ ဩစတြေးလျ၊ မတ် ၃ COVID-19 အဆုပ်ရောင်ရောဂါဖြစ် ပွားမှု၏ စီးပွားရေးအရ ရိ...

ကိုရိုနာဗိုင်းရပ်စ်က တရုတ်အား ကမ္ဘာ့ကုန်ထုတ်လုပ်ရာ ဗဟိုချက်အဖြစ် ရပ်တည်မှုကို အဆုံးသတ်သွားစေမည်လား

ကိုရိုနာဗိုင်းရပ်စ်က တရုတ်အား ကမ္ဘာ့ကုန်ထုတ်လုပ်ရာ ဗဟိုချက်အဖြစ် ရပ်တည်မှုကို အဆုံးသတ်သွားစေမည်လား ကမ္ဘာ့စက်ရုံအဖြစ် နှစ် ၃၀နီးပါး လည်ပတ်နေသော တရုတ်၏အခန်းကဏ္ဍကို COVID-19 က တစ်ခန်းရပ်သွားစေလိမ့်မည်။ "ကျွန်တော်ထင်တယ်။ ကမ္ဘာ့စက်ရုံအဖြစ် တရုတ်ရပ်တည်မှုဟာ ဒီအပတ်ဆုံးသတ်သွားပြီ"ဟု Bretton Woods Research အကြီးစားရင်းနှီးမြှုပ်နှံမှုဆိုင်ရာသုတေသနစစ်တမ်း ကုမ္ပဏီဥက္ကဋ္ဌ ဗလာဒီမာစစ္ဂနိုရယ်လီက ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးကွက်များ လက်ရှိနစ်နာသည်ထက် တရုတ်စီးပွားရေးက ပိုထိခိုက်နေသည်။ S & P 500 စတော့ရှယ်ယာအညွှန်းကိန်း ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော နိုင်ငံကြီးများအားလုံးတွင် အဆိုးရွားဆုံးစတော့ဈေးကွက်ဖြစ်ခဲ့သည်။ လူနှစ်ထောင်ကျော် ကူးစက်ခံရသော အီတလီပင်ပြီးခဲ့သော သီတင်းပတ်က အမေရိကန်ထက် အခြေအနေကောင်းခဲ့သည်။ COVID-19 ၏ ကြောက်စရာအကောင်းဆုံး ရိုက်ခတ်မှုမှာ ရေတိုစီးပွားရေးထိခိုက်မှု မဟုတ်ဘဲ ထောက်ပံ့ရေးကွင်းဆက်အား ရေရှည်ထိခိုက်နိုင်ခြေရှိခြင်းဟု China Beige Book ဒေတာကောက်ယူရေးလုပ်ငန်း အမ်ဒီဖြစ်သူ ရှဟက်ဇာကာဇီက ထောက်ပြသည်။ တရုတ်ကားထုတ်လုပ်ရေးစက်ရုံနှင့်...

COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ၂၀၂၀ ခုနှစ်အတွက် အရှေ့အာရှ၏ ဂျီဒီပီတိုးတက်မှုနှုန်းကို ၄.၅% သို့ ကျဆင်းစေဖွယ်ရှိဟု ICAEW ခန့်မှန်း

COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ၂၀၂၀ ခုနှစ်အတွက် အရှေ့အာရှ၏ ဂျီဒီပီတိုးတက်မှုနှုန်းကို ၄.၅% သို့ ကျဆင်းစေဖွယ်ရှိဟု ICAEW ခန့်မှန်း ၂၀၂၀ ခုနှစ်၊ မတ်လ ၁၇ ရက်၊ အင်္ဂါနေ့။ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ( COVID-19) ဆက်လက်ပျံ့နှံ့နေမှုက ခရီးသွားလုပ်ငန်း နှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုများကို ထိခိုက်စေပြီး အိမ်ထောင်စုများ၏ ငွေကြေးသုံးစွဲမှုကို ကျဆင်းစေသည့်အတွက် အရှေ့တောင်အာရှဒေသတစ်ခွင်ရှိ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးကာ ၂၀၂၀ ပြည့်နှစ်တွင် ၄.၂% အထိ ရောက်ရှိမည်ဟုခန့်မှန်းရသည်။ ဤခန့်မှန်းချက်မှာ Chartered စာရင်းကိုင်အဖွဲ့အစည်း ICAEW ၏ နောက်ဆုံးထုတ်ပြန်သည့် Economic Update: South-East Asia အစီရင်ခံစာအရဖြစ်သည်။ သို့သော်လည်း လိုက်လျောညီထွေဖြစ်သော နိုင်ငံလုံးဆိုင်ရာ စီးပွားရေးမူဝါဒများ နှင့် ဘဏ္ဍာရေးလှုပ်နှိုးမှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၅% သို့ ပြန်လည်မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ တရုတ်နိုင်ငံစီးပွားရေးအပေါ် Covid-19 ဗိုင်းရပ်စ်ပျံ့နှံ့မှု၏ ရိုက်ခတ်မှုဒဏ်ချက်က အရှေ့တောင်အာရှဒေသ ( SEA) တခွင်ရှိ ခရီးသွားလုပ်ငန်းများနှင့် အိမ်ထောင်စုအလိုက်ငွေကြေးသ...

Nokia 9.2 PureView စမတ်ဖုန်း၏ အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာ

  Nokia 9.2 PureView သည် ကမ္ဘာ တစ်ဝန်းရှိ နိုကီယာပရိသတ်များ စောင့်ဆိုင်း နေသော စမတ်ဖုန်းဖြစ်သည်။ 5G Network အမျိုးအစားဖြစ်သည်။ ၄င်းကို ယခုလနှောင်းပိုင်းတွင် ကျင်းပ မည့် MWC Barcelona 2020 ပြပွဲတွင် ပြသရန် အစကစီစဉ်ထားသည်။ သို့ရာတွင် ပွဲကျင်းပဖြစ်တော့မည်မဟုတ်ဟု စီစဉ်သူ GSMA (Global System for Mobile Communications) အသင်းက အတည်ပြု ထုတ်ပြန်ခဲ့သည်။ သည့်မတိုင်မီကပင် နိုကီ ယာဖုန်းများထုတ်လုပ်သည့် HMD Global ကုမ္ပဏီက ပြပွဲတွင် ဝင်ရောက်မပြသတော့ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နှင့် ကမ္ဘာ့အ ကြီးဆုံးနည်းပညာကုမ္ပဏီအချို့ မပါဝင်တော့ ခြင်း စသည့် အခြားအခြေအနေများကြောင့် GSMA က ပြပွဲအား ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ HMD Global ကုမ္ပဏီသည် Nokia 9.2 PureView စမတ်ဖုန်းကို ယခုနှစ်ပထမ ၆လအတွင်းမိတ်ဆက်ရန် ပြင်ဆင်ထားသည်။နိုကီယာမိုဘိုင်းဖုန်းလုပ်ငန်းကို ၂၀၁၄ တွင် ဝယ်ယူခဲ့သော Microsoft ထံမှတစ်ဆင့် လွှဲ ပြောင်းယူလိုက်ခြင်းအားဖြင့် HMD Global ကို ၂၀၁၆ ဒီဇင်ဘာတွင် ဖင်လန်နိုင်ငံအက် စ်ပိုမြို့တွင် ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။ HMD သည် နိုကီယာတံဆိပ်ဖြင့် ခလုတ်ဖုန်း (feature phon...

BDS Smart City အတွက် သဘောတူ စာချုပ်ချုပ်ဆို

BDS မှ သဘောတူစာချုပ်ပါအခြေအနေများပြည့်စုံသည့် နေ့မှစ၍ BDS အားမြေယာပိုင်ဆိုင်ခွင့်ကိုနှစ် ၅၀ ပေးမည်ဖြစ်သည်။ သက်တမ်းကို ၁၀ နှစ်ကာလ သက်တမ်းကို နှစ်နှစ်ဆက်တိုက် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် BDS သည်စီမံကိန်းအောက်တွင် အိမ်ရာယူနစ်ပုံစံဖြင့် YRG ကိုအမေရိကန်ဒေါ်လာ ၁၈၅.၇၆ သန်း (RM759.76 သန်းခန့်) ပေးမည်ဖြစ်သည်။ ဈေးနှုန်းချိုသာသောအိမ်များအပြင်စီမံကိန်းတွင်အလတ်စားတိုက်ခန်းများ၊ အဆင့်မြင့်ကွန်ဒိုမီနီယံများ၊ ဆိုင်ခန်းများ၊ ဈေးဆိုင်များနှင့်တောင်သူလယ်သမားဈေးကွက်များပါ ဝ င်သည့်စီးပွားဖြစ်ယူနစ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် လူမှုအသိုင်းအဝိုင်းစင်တာများကဲ့သို့ သောအဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံများကိုအဆင့် ၃ ဆင့်ဖြင့်တည်ဆောက်မည်ဟု Bland ကဆိုသည်။ ဖွံ့ဖြိုးမှုတစ်ခုလုံးကိုအမေရိကန်ဒေါ်လာ ၆၁၄.၉၂ သန်း (ရင်းဂစ် ၂.၅၂ ဘီလီယံခန့်) ကုန်ကျမည်ဟုခန့်မှန်းရသည်။ “ အခွန်မကောက်မီခန့်မှန်းရသော အမြတ်သည် ဖွ ံ့ဖြိုးတိုးတက်မှု ကာလပြီးဆုံးသည်အထိ အသိအမှတ်ပြုရန် အမေရိကန်ဒေါ်လာ ၁၃၁.၁၆ သန်း (ရင်းဂစ် ၅၃၆ ဒသမ ၄၄ သန်းခန့်) ရှိသည်” ဟု BLandက ဆိုသည်။ "ဒီမြေတွေကိုကိုးနှစ်တာကာလအတွင်း ဖွံ့ဖြိုးပြီး နေ...