Myanmar Toyohashi Engineering မှ 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်လျက်ရှိ
Myanmar Toyohashi Engineering မှ 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်လျက်ရှိ ရန်ကုန် ဖေဖော်ဝါရီ ၂၈ Myanmar Toyohashi Engineering ကုမ္ပဏီသည် ယခုလက်ရှိတွင် ကားထုတ်လုပ်ရေးကုမ္ပဏီများတွင် အသုံးပြုလျက်ရှိသော 3D ဒီဇိုင်းဆွဲသည့် ပညာအား ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မန္တလေးနည်းပညာတက္ကသိုလ်၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖွင့်လှစ်သင်ကြားပေးသကဲ့သို့ မြန်မာနိုင်ငံရှိ အခြားနည်းပညာ တက္ကသိုလ်များတွင်လည်း သင်ကြား ပေးလိုသော ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ အခြေစိုက် Myanmar Toyohashi Engineering Co., Ltd မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. UCHIYAMA နှင့် အဖွဲ့ဝင်တစ်ဦးတို့သည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် 3D ဖြင့် ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ဒီဇိုင်းရေး ဆွဲသည့်ပညာသင်ပေးမည့် ပရောဂျက် အတွက် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ယမန်နေ့က လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယခုခေတ်အခါသည် Digitalization က အလွန်အရေးပါနေသည်ဖြစ်ရာ နည်းပညာများစွာ လိုအပ်နေကြောင်း၊ မြန် မာနိုင်ငံတွင်လည်း တိုးတက်မှုတော့ရှိနေ ပါပြီဖြစ်ပြီး အဆိုပါ ပရောဂျ...